You are currently offline. Check your connection.

အမျိုးသမီးကျန်းမာရေးမဂ္ဂဇင်းရဲ့ ကာဗာစတားလေး ဂျော်ဂျီနာ
624 Views
16th Jun, 2020
ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာ ပေါ်တူဂီနိုင်ငံက အမျိုးသမီးကျန်းမာရေးမဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် စပိန်နိုင်ငံသူ ဂျော်ဂျီနာဟာ ဂျူဗင်တပ်စ်ကြယ်ပွင့် ရော်နယ်ဒိုနဲ့အတူ ဖန်တီးနေတဲ့ မိသားစုဘဝအကြောင်း၊ ကလေးတစ်ယောက်အမေ၊ ကလေး ၄ယောက်ကို ပြုစုစောင့်ရှောက်နေသူဖြစ်ပေမယ့် တစ်သားမွေး တစ်သွေးလှနေဆဲ ကိုယ်လုံးမျိုး ရအောင် ဘယ်လိုထိန်းသိမ်းလဲဆိုတာတွေကို ဖောက်သည်ချသွားပါတယ်။