You are currently offline. Check your connection.
ကမ္ဘာ့သက်တမ်းအရင့်ဆုံး မြို့ကြီး (၅) မြို့
149 Views
17th Nov, 2024
လျှပ်စစ်မီး ၊ မော်တော်ကား၊ လေယာဉ်၊ အင်တာနက် တယ်လီဖုန်း၊ ခေတ်မှီ ဆေးဝါး၊ ပုံနှိပ်စက် အစရှိတဲ့ အရာတွေ မရှိခဲ့ပေမဲ့လည်း ရှေးခေတ်မြို့ပြယဉ်ကျေးမှု စနစ်ကြီးတွေဟာ ရှင်သန်နေထိုင်နိုင်ခဲ့ကြပါတယ်။ အဆိုပါ မြို့ပြယဉ်ကျေးမှု စနစ်ကြီးတွေမှာက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက အနုသုခုမပညာ၊ ဗိသုကာပညာ၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရား၊ ဓလေ့ထုံးတမ်း အစဉ်အလားများ စတာတွေနဲ့ ပြည့်နှက်ရောပြွမ်းနေခဲ့ပါတယ်။ ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ သမိုင်းပညာရှင်တွေရဲ့ အပတ်တကုတ် ကြိုးစားအားထုတ်မှုနဲ့ ရှာဖွေတွေ့ရှိမှုတွေကြောင့် အဲ့ဒီခေတ်တွေရဲ့ နေ့စဉ်ဘဝက ဘယ်လိုများရှိနေမလဲဆိုတာကို ကျွန်တော်တို့အနေနဲ့ စိတ်ကူးပုံဖော်ကြည့်လို့ ရနိုင်လာခဲ့ပါတယ်။