You are currently offline. Check your connection.

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ချက်
12 Views
18th November

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါ သည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဖီလစ်ပိုင်နိုင်ငံ၊ လူဇုန်အလယ်ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော တိုင်ဖွန်းမုန်တိုင်း“မန်ရီ”(MAN-YI)သည် တောင်တရုတ် ပင်လယ်ပြင်သို့ ရောက်ရှိကာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။